မူလတန်း အထွေထွေ ဥက္ကဋ္ဌ ဆူဇန် အိတ်ချ်၊ ပေါ်တာ သည် ၂၀၂၅ ခုနှစ် မေလနှောင်းပိုင်းတွင် အာရှသို့ ပထမဆုံးအကြိမ် ခရီးထွက်ခဲ့ပြီး၊ သာသနာပြုခရီးစဉ်အဖြစ် အထူးသဖြင့် ယေရှုခရစ်တော်၏ နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော်၏ ကြီးထွားလာသော လူမှုအသိုင်းအဝိုင်းများရှိ နေရာခြောက်ခုသို့ သွားရောက်ခဲ့ပါသည်။ သူမ၏ခရီးစဉ်၏ အထင်ကရအချက်တစ်ခုမှာ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့ရှိ အမျိုးသားကလေးအထူးကုဆေးရုံနှင့် အမျိုးသားမိခင်နှင့်ကလေးကျန်းမာရေးစင်တာသို့ သွားရောက်ကာ အသင်းတော်နှင့် ပူးပေါင်းဆောင်ရွက်သည့် သူတို့၏လူသားချင်းစာနာထောက်ထားမှု လုပ်ငန်းများ၏ အကျိုးသက်ရောက်မှုကို မျက်မြင်တွေ့ ရှိခဲ့ခြင်းဖြစ်ပါသည်။
အမျိုးသားဆေးရုံသို့သွားရောက်ကြည့်ရှုမှုများ
အာရှဒေသဥက္ကဋ္ဌ အသင်းလူကြီး ဘန်ဂျမင် အမ်၊ဇီ၊ ထိုင်းနှင့် သူ၏ဇနီးသည် နာအိုမီတို့နှင့်အတူ ဥက္ကဋ္ဌ ပေါ်တာအား ၂၀၂၅ ခုနှစ်၊ မေလ ၂၉ ရက်နေ့တွင် ဆေးရုံညွှန်ကြားရေးမှူး ဒေါက်တာ နစ် အမ်ခီးဘိုးစ်နှင့် အဖွဲ့က ကြိုဆိုတွေ့ဆုံခဲ့ပါသည်။ ၎င်းတို့အား ဆေးရုံ၏ သမိုင်းကြောင်း၊ တိုးတက်မှုအခြေအနေများနှင့် လိုအပ်ချက်များကို အကျဉ်းချုပ်ရှင်းလင်းပြောကြားခဲ့ပြီး၊ အသင်းတော်မှ ပံ့ပိုးကူညီထားသည့် ခွဲစိတ်ကုသရေးဌာနသို့ လှည့်လည်ပြသခဲ့ကြပါသည်။
ဒေါက်တာနစ်မှ ပြောကြားခဲ့သည်မှာ၊ “ယေရှုခရစ်တော်၏နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော်နဲ့ အမျိုးသားကလေးအထူးကုဆေးရုံရဲ့ ပူးပေါင်းဆောင်ရွက်မှုက ငါးနှစ်ကြာမြင့်ခဲ့ပါပြီ။ အသင်းတော်ကနေ ခွဲစိတ်ဆရာဝန်တွေအတွက်စက်ကိရိယာအချို့ကို ထောက်ပံ့ပေးခဲ့ပါတယ်။ အဲဒါကြောင့် အမျိုးသားကလေးအထူးကုဆေးရုံက နည်းပညာပိုင်းဆိုင်ရာနဲ့ ထိရောက်ပြီး အရည်အသွေးမြင့်မားတဲ့ စောင့်ရှောက်မှုအတွက် ကျွန်တော်တို့ရဲ့ ကလေးတွေကိုပေးတဲ့ဝန်ဆောင်မှုတွေမှာပါ တိုးတက်မှုရှိခဲ့ပါတယ်။”
- DSC02085-Enhanced-NR.jpg
- DSC02020-Enhanced-NR.jpg
- DSC02032-Enhanced-NR.jpg
- DSC02182.jpg
- DSC02303-Enhanced-NR.jpg
- DSC02238-Enhanced-NR.jpg
- DSC02330.jpg
- DSC02340.jpg
| Temple Square is always beautiful in the springtime. Gardeners work to prepare the ground for General Conference. © 2012 Intellectual Reserve, Inc. All rights reserved. | 1 / 2 |
ဥက္ကဋ္ဌပေါ်တာသည် ၂၀၂၂ ခုနှစ်မှစ၍ အသင်းတော်နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော၊ အမျိုးသားမိခင်နှင့် ကလေးကျန်းမာရေးစင်တာသို့ သွားရောက်ကြည့်ရှုခဲ့ပါသည်။ လက်ထောက်ညွှန်ကြားရေးမှူး ဂက်သ် ထပ်တရားသည် ဥက္ကဋ္ဌပေါ်တာအား ကြိုဆိုသည့်အဖွဲ့ကို ဦးဆောင်ခဲ့ပြီး လူနာများနှင့်တွေ့ဆုံပြီး သူတို့၏ဘဝ၌ နေ့စဉ်တိုးတက်မှုများကိုလည်း မျက်မြင်တွေ့ရှိရန် သူတို့၏လူနာဆောင်များကိုလည်း လှည့်လည်ပြသခဲ့ပါသည်။
“စင်တာနဲ့အသင်းတော်က ရည်မှန်းချက်တူညီကြပါတယ်... လူနာတွေကို ပျော်ရွှင်စေဖို့နဲ့ တန်းတူညီမျှ ကုသပေးဖို့ပါ၊ ဒါ့ကြောင့် ဒီနေရာမှာ ကုသရေးဝန်ဆောင်မှုတွေရဲ့ အရည်အသွေးကို မြှင့်တင်ဖို့ ကျွန်မတို့ အတူတူ လက်တွဲလုပ်ဆောင်နေကြတာပါ” ဟု ဒေါက်တာ ဂက်သ်က ပြောကြားခဲ့ပါသည်။ “ခေတ်မီကိရိယာတွေသာမကပဲ၊ [အသင်းတော်]မှ လုပ်အားပေးဆရာဝန်တွေဆီက လေ့ကျင့်မှုသင်တန်းလည်း ကျွန်မတို့ရရှိခဲ့ပါတယ်။” ဤတိုးမြှင့်ထားသော စွမ်းဆောင်ရည်များကြောင့် ကျန်းမာရေးဝန်ကြီးဌာနမှ ပြုလုပ်ခဲ့သော လတ်တလောစစ်တမ်းတွင် စင်တာသည် ၉၄% သော ဝန်ဆောင်မှုကျေနပ်မှုနှုန်းကို ရရှိခဲ့ပါသည်။
မူလတန်းဝန်ဆောင်မှုစီမံကိန်းများ
- DSC01847-Enhanced-NR.jpg
- DSC01838-Enhanced-NR.jpg
- DSC01889-Enhanced-NR.jpg
- DSC01866-Enhanced-NR.jpg
- DSC01900-Enhanced-NR.jpg
- DSC01912-Enhanced-NR.jpg
- 0451_DSC09529.jpg
- DSC09542.jpg
- DSC09693.jpg
- DSC00514.jpg
- 0457_DSC00622.jpg
- 0460_DSC00767.jpg
- 0459_DSC00700.jpg
- SIR09257.jpg
| Temple Square is always beautiful in the springtime. Gardeners work to prepare the ground for General Conference. © 2012 Intellectual Reserve, Inc. All rights reserved. | 1 / 2 |
ဥက္ကဋ္ဌပေါ်တာသည် ဒေသခံနောက်ပိုင်းကာလသန့်ရှင်းသူကလေးများမှ တစ်ရက်အလိုတွင် အထူးထုပ်ပိုးထားသည့် စာရေးကိရိယာအစုံ ၂၀၀ ကို ဆေးရုံတွင် လှူဒါန်းခဲ့ပါသည်။ အလားတူပစ္စည်းများကို အူဒုံထိုင်းနိုင်ငံခရိုင်မှ မူလတန်းကလေးများက အူဒုံဋ္ဌာနီမိန်းကလေးများဂေဟာအတွက်သော်လည်းကောင်း၊ ထိုင်ချွန်းထိုင်ဝမ်အရှေ့ပိုင်းပန္နက်မှကလေးများက ရှီဖန်းလူမှုဖူလှုံရေးကူညီထောက်ပံ့မှုအသင်းအတွက် သော်လည်းကောင်း ပြင်ဆင်ပေးခဲ့ကြပါသည်။ ဤကြိုးပမ်းမှုများသည် ကလေးများအား အခြားကလေးများကို အစေခံရန် ကူညီပေးသည့် နှစ်ပတ်လည် ဝန်ဆောင်မှုစီမံကိန်းများကို စီစဉ်ရန် မူလတန်း၏ ၂၀၂၅ ခုနှစ်လှုံ့ဆော်ချက်အား တုံံ့ပြန်ခြင်းဖြစ်ပါသည်။
"သူတို့လေးတွေဟာ လိုအပ်ချက်တွေရှိတဲ့ကလေးတွေအကြောင်းတွေးမိပြီး သူတို့အပြောင်းအလဲတစ်ခု လုပ်နိုင်ကြောင်းသိတဲ့အခါ ကလေးတွေရဲ့စိတ်နှလုံးတွေဟာ ကရုဏာသက်ကြပါတယ်" ဟု ဥက္ကဋ္ဌပေါ်တာ က ပြောကြားခဲ့ပါသည်။ "ဆေးရုံကလူတိုင်းကို ပျော်ရွှင်အောင်လုပ်ဖို့ သမီးကူညီချင်ပါတယ်" ဟု ဖနွမ်းပင်ကမ္ဘောဒီးယားအရှေ့ပိုင်းခရိုင် မှ အသက် ၈ နှစ်အရွယ် ဖာတီ ရီယင်နု က ပြောခဲ့ပါသည်။ သူမ၏ အသက် ၈ နှစ်အရွယ်သူငယ်ချင်း ရတ် နမ်မယ်ရတီ ကလည်း၊ "သူတို့အတွက် ဒီကောင်းမှုကိစ္စကို လုပ်ပေးနိုင်တဲ့အတွက် သမီးအရမ်းပျော်မိပါတယ်၊ သူတို့လည်း ပျော်ရွှင်ကြမယ်လို့ သမီးမျှော်လင့်ပါတယ်" ဟု ဖြည့်စွက်ပြောကြားခဲ့ပါသည်။
ဥက္ကဋ္ဌပေါ်တာသည် အူဒုံဋ္ဌာနီမိန်းကလေးများဂေဟာ၌ လှူဒါန်းထားသောအိတ်များကို ကိုယ်စီပေးအပ်ရင်း၊ လက်ခံသူလူငယ်တစ်ဦးချင်းစီ၏ မျက်လုံးထဲကို ဂရုတစိုက်ကြည့်ကာ "ဒီမျက်လုံးချင်းဆုံမိတဲ့ စက္ကန့်ပိုင်းလေးအတွင်းမှာပဲ သူတို့ဟာ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာနဲ့ သိကျွမ်းခြင်းကို ခံစားရမယ်လို့ မျှော်လင့်မိပါတယ်" ဟု ပြောကြားခဲ့ပါသည်။ "ကျွန်မတို့ဟာ ဘုရားသခင်အပေါ်ချစ်ခြင်းမေတ္တာကြောင့် အစေခံကြတာဖြစ်ပြီး၊ သူ့သားသမီးတွေကို ချစ်တဲ့အတွက် ကျွန်မတို့အစေခံကြတာပါ" ဟု သူမက ပြောကြားခဲ့ပါသည်။
အသင်းသားများအားအမှုတော်ဆောင်ခြင်း
- DSC08637.jpg
- 0442_DSC08624.jpg
- DSC09063.jpg
- DSC09170.jpg
- 0448_DSC09311.jpg
- DSC090001.jpg
- DSC09362.jpg
- DSC00113.jpg
- 0443_DSC08724.jpg
- P1100497.jpg
- IMG_02311.jpg
- P1100272.jpg
- P1100390-Enhanced-NR.jpg
- IMG_70361.jpg
- IMG_7107.jpg
| Temple Square is always beautiful in the springtime. Gardeners work to prepare the ground for General Conference. © 2012 Intellectual Reserve, Inc. All rights reserved. | 1 / 2 |
ထိုနည်းတူစွာ သူမ၏အကြည့်မှ ချစ်ခြင်းမေတ္တာကို အသင်းသားများကလည်းခံစားမိခဲ့ကြောင်း အများစုက ပြောကြားခဲ့ပါသည်။ သူမသည် ဝမ်းမြောက်ဖွယ်ရာအစေခံခြင်း၊ နှလုံးသားမှလာသောဆုတောင်းခြင်းနှင့် ဗိမာန်တော်ကောင်းချီးမင်္ဂလာများအကြောင်း မျှဝေခဲ့စဉ်၊ "သင်တို့တစ်ဦးချင်းစီအကြောင်း ကျွန်မအထူးခံစားရတာတစ်ခုက သင်တို့ဆီက ဝမ်းမြောက်မှုကို ကျွန်မခံစားရတာဖြစ်ပါတယ်။ ဒါဟာ အလွန်လှပတဲ့ ဝိညာဉ်ရေးဆိုင်ရာ ဆုကျေးဇူးတစ်ခုပါ" ဟု ဥက္ကဋ္ဌပေါ်တာမှ သူတို့အားပြောကြားခဲ့ပါသည်။
ထိုင်းနိုင်ငံ၌၊ ဥက္ကဋ္ဌပေါ်တာသည် ဘန်ကောက်တွင်နေထိုင်နေကြသော မြန်မာအသင်းသားများကိုလည်း မိသားစုညနေခင်းစုရုံးခြင်းအတွင်း အမှုတော်ဆောင်ခဲ့ပါသည်။ ဘန်ကောက်ထိုင်းနိုင်ငံအနောက်ပိုင်းပန္နက် ၌တက်ရောက်သည့် မြန်မာနိုင်ငံမှ အောင်သူကျော်က ပြန်လည်ပြောပြခဲ့သည်မှာ၊ ”အစည်းအဝေးအပြီးမှာ၊ ကျွန်တော်ခံစားရလိုက်တာက ကျွန်တော်တို့ကတိုင်းတစ်ပါး၊ ထိုင်းနိုင်ငံမှာ၊ ရောက်နေပေမယ့်၊ တစ်ယောက်တည်းဖြစ်မနေပါဘူး။ ကျွန်တော့်မှာ မိတ်ဆွေတွေနဲ့ မိသားစုဝင်အသင်းသားတွေ ဒီနေရာမှာရှိနေပြီး၊ သူတို့ကကျွန်တော့်ဘဝမှာ ပိုများလာကြပါတယ်။”
လာအိုနိုင်ငံ၌၊ ဗီယန်ကျင်းရှိ နိုင်ငံ၏တစ်ခုတည်းသော အသင်းတော်ခွဲသည် ဥက္ကဋ္ဌပေါ်တာ၏ ယာဉ်ထွက်ခွာသောအခါ၊ လမ်းတစ်လျှောက်စီတန်းရန် အစည်းအဝေးခန်းမမှ အားလုံးထွက်လာကြပြီး၊ သူမအား လက်ပြနှုတ်ဆက်ခဲ့ကြပါသည်။ ထိုလူအုပ်၌ အသင်းတော်ခွဲ၏ လေးဆက်မြောက်မျိုးရိုးဖြစ်သည့် အင်သာဗွန်းမိသားစုလည်းပါဝင်ခဲ့ပြီး၊ ထိုမိသားစုသည် အသင်းသားအသစ်များကို သူတို့၏မိသားစုဝင်များကဲ့သို့ လက်ခံကြိုဆိုခဲ့ကြသည့်အတွက်၊ အသင်းသား ၁၀၀ရာခိုင်နှုန်းနီးပါးကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပါသည်။
“ကျွန်တော်က သူမကိုကိုယ်တိုင်ကိုယ်ကျတကယ်တွေ့ချင်ခဲ့လို့ အများကြီးမျှော်လင့်ထားခဲ့ပါတယ်” ဟု အသင်းတော်ခွဲ၏အသင်းသားဖြစ်သူ အသက် ၁၉နှစ်အရွယ် ဗောက်သစ်ဆတ် ဆရီဆုပ်ခ် ကပြောကြားခဲ့ပါသည်။ “ကျောင်းမှာ သူမတစ်ယောက်ပဲ အသင်းသားဖြစ်ပြီး၊ အဲဒါကအရမ်းခက်ခဲ့ပါတယ်၊ သူမရဲ့ကျောင်းသူဘဝအကြောင်းကို သူမပြောပြခဲ့ပါတယ်၊...အဲဒါက ကျွန်တော့်အတွက်လည်း အဓိပ္ပါယ်အများကြီးရှိခဲ့ပါတယ်၊ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်လည်း ကျောင်းမှာ တစ်ဦးတည်းသောအသင်းသားဖြစ်ပြီး...တက်ကြွမှုမရှိတဲ့အသင်းသားဖြစ်ခဲ့ဖူးပါတယ်၊ နည်းလမ်းမျိုးစုံနဲ့မကြာခဏဖြားယောင်းခံခဲ့ရပါတယ်... ဒါပေမယ့် သူမပြောတာနားထောင်ပြီး ကျွန်တော်ဟာပိုကြိုးစားသင့်တယ်လို့ခံစားခဲ့ရပါတယ် ဘာလို့လဲဆိုတော့ ကျွန်တော်ဟာ ဘုရားသားသမီးတစ်ဦးဖြစ်လို့ပါပဲ။”
- DSC01428-Enhanced-NR.jpg
- DSC00939-Enhanced-NR.jpg
- DSC02551-Enhanced-NR.jpg
- DSC01618-Enhanced-NR.jpg
- DSC01733-Enhanced-NR.jpg
- 346A9429.jpg
- DSC02402-Enhanced-NR.jpg
- DSC01521-Enhanced-NR.jpg
- DSC02400-Enhanced-NR.jpg
- DSC02458-Enhanced-NR.jpg
- DSC01525-Enhanced-NR.jpg
- DSC02495-Enhanced-NR.jpg
| Temple Square is always beautiful in the springtime. Gardeners work to prepare the ground for General Conference. © 2012 Intellectual Reserve, Inc. All rights reserved. | 1 / 2 |
ကမ္ဘောဒီးယားနိုင်ငံ၌၊ စီရမ်ရီးပ် ကမ္ဘောဒီးယားခရိုင်မှ ၁၆နှစ်အရွယ် ပွန်း ဆိုပန်ဟာ ပြောကြားခဲ့သည်မှာ၊ ”သူမရဲ့သွန်သင်မှုကို ကျွန်မနားထောင်နေတုန်းမှာ၊ ကျွန်မရဲ့အတွေးတွေကို ကျွန်မစတင်ပြောင်းလဲလာပါတယ်။ အဲဒီမတိုင်ခင်က ဆုတောင်းခြင်းရဲ့အရေးပါပုံ ဒါမှမဟုတ် ဆုတောင်းခြင်းက ကျွန်မတို့ကို ဘယ်လိုကူညီသလဲဆိုတာ ကျွန်မ မသိခဲ့ပါဘူး၊ ဒါပေမယ့် သူမဆီကသင်ယူပြီးနောက်မှာ၊ ကျွန်မသိလာရတာက ကျွန်မတို့ဆုတောင်းတဲ့အခါ ဘုရားသခင်ကို စိတ်အားထက်သန်စွာနဲ့ ရိုးသားစွာ တောင်းလျှောက်သင့်ပါတယ်။”
ထို့အပြင် ထိုင်ဝမ်နိုင်ငံ၌၊ ဥက္ကဋ္ဌပေါ်တာသည် ထိုင်ချွန်းပန္နက်သုံးခုတစ်ဝိုက်ရှိ အသင်းသားများကို ဘုရားသခင်အား ပထမဦးစားပေးရန်နှင့် သူတို့၏အသက်တာများတွင် ကိုယ်တော်ရှင်၏လက်တော်ကို ရှာဖွေရန် ဖိတ်ခေါ်ခဲ့ပါသည်။ သူမ၏အံ့အားသင့်ဖွယ်လည်ပတ်မှုအတွင်း၊ သူမသည် ၂၀၂၅ထိုင်ဝမ်အမျိုးသားဝိုင်အက်စ်အေညီလာခံ၏အပိတ်ပွဲတွင် အရွယ်ရောက်လူငယ်လူပျိုလူရွယ်များ (ဝိုင်အက်စ်အေ)ကို ဗိမာန်တော်သို့မကြာခဏသွားပြီး သူတို့အားခွန်အားပေးရန် ဘုရားသခင်၏ယဇ်ပုရောဟိတ်အခွင့်တန်ခိုးကို ရှာဖွေကြရန်လည်း တိုက်တွန်းခဲ့ပါသည်။
- SIR08346.jpg
- SIR08426.jpg
- SIR08467.jpg
- SIR08550.jpg
- SIR09094.jpg
- SIR08751.jpg
- SIR09039.jpg
- SIR09295.jpg
- SIR00079.jpg
- SIR00237.jpg
| Temple Square is always beautiful in the springtime. Gardeners work to prepare the ground for General Conference. © 2012 Intellectual Reserve, Inc. All rights reserved. | 1 / 2 |
ဘုရားသခင်၏အလိုတော်နှင့်ညီသောလွှမ်းမိုးမှု
ဥက္ကဋ္ဌပေါ်တာက ဗိမာန်တော်များ တည်ဆောက်ခြင်းသည် “ဤအသင်းသားများသည် မည်မျှသစ္စာရှိသည်ကို ဘုရားသခင်သိကြောင်းနှင့် သူတို့သည် ဧဝံဂေလိတရားတော်ဆီသို့ လူများစွာကို ခေါ်ဆောင်ရာ၌ အသုံးတော်ခံများဖြစ်လာမည်ဖြစ်ကြောင်း အချက်ပြလက္ခဏာတစ်ခု” ဖြစ်သည်ဟု အလေးအနက်ထား ပြောကြားခဲ့ပါသည်။ သူမသည် ဖနွမ်းပင်မြို့ရှိ ကမ္ဘောဒီးယားဗိမာန်တော်ကို အမျိုးသားကလေးအထူးကု ဆေးရုံကြီး၏ မျက်နှာချင်းဆိုင်လမ်းမတွင် တိုက်ရိုက်တည်ဆောက်နေကြောင်းနှင့် ဆေးရုံဝန်ထမ်းများအား ဖွင့်ပွဲအခမ်းအနားသို့ ဖိတ်ကြားမည်ဖြစ်ကြောင်းကိုလည်း အာမခံချက်ပေးခဲ့ပါသည်။
ကိုးရက်ကြာခရီးစဉ်တွင်၊ ဥက္ကဋ္ဌပေါ်တာသည် မူလတန်းဝတ်ပြုဟောပြောပွဲသုံးပွဲ၊ အသင်းသားဝတ်ပြုဟောပြောပွဲသုံးပွဲ၊ ခေါင်းဆောင်ညီအစ်မများမှ မူလတန်းအဖွဲ့၊ အမျိုးသမီးငယ်များအဖွဲ့နှင့် လူမှုသက်သာရေးအဖွဲ့ကို သင်တန်းပေးခြင်းသုံးကြိမ်နှင့် မူလတန်းအဖွဲ့များ သို့မဟုတ် ခေါင်းဆောင်အထူးပြုအဖွဲ့များသို့ သွားရောက်လည်ပတ်ခြင်းသုံးကြိမ်တို့တွင်လည်း ပါဝင်ခဲ့ပါသည်။
ဥက္ကဋ္ဌပေါ်တာက “အာရှဒေသနေရာအနှံ့အပြားမှာ ရှိနေကြတဲ့ အသင်းသားတွေသိစေဖို့ ကျွန်မမျှော်လင့်တာကတော့ ဘုရားသခင်ဟာ သူတို့ကို ဂရုစိုက်တယ်ဆိုတာပါပဲ။ သူတို့နိုင်ငံမှာ အသင်းသားတွေ အလွန်နည်းတယ်လို့ ခံစားရနိုင်ပါတယ်၊ ကျောင်းမှာ ဒါမှမဟုတ် အလုပ်မှာ သူတို့တစ်ယောက်ထဲအသင်းသား ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဘုရားသခင်က သူတို့ကို သိနေတယ်၊ ချစ်နေတယ်၊ ပြီးတော့ သူ့အတွက် လုပ်ဆောင်ဖို့ အလွန်အရေးကြီးတဲ့ အလုပ်တစ်ခု သူတို့မှာရှိပါတယ်။ သူတို့ဟာ ပဋိညာဉ်သားသမီးတွေပါ... ပြီးတော့ သူတို့ဟာ ကြီးကျယ်ခမ်းနားတဲ့ အရာတွေကို ဖော်ဆောင်နိုင်ကြပါတယ်” ဟုမျှဝေခဲ့ပါသည်။